အမှာစာ
မြန်မာနိုင်ငံ၏
သမိုင်းရာဇ၀င်များကိုလေ့လာကြည့်လျှင်မြန်မာနိုင်ငံအရပ်ရပ် ၌နေ ထိုင်ကြသော
အစ္စ လာမ် ဘာသာဝင် မြန်မာမွတ်ဆလင်များ သည် လွန်ခဲ့သော နှစ်ပေါင်း (၁၀၀၀)
ကျော်၊ (၁၂၀၀) ခန့် လောက် ကစ၍ အစု လိုက်သော် လည်းကောင်း၊အနည်း ငယ် သော်
လည်းကောင်း လွန်ခဲ့သော နှစ်ပေါင်း (၃၀၀) ခန့်အထိ ၀င်ရောက်နေ
ထိုင်ခဲ့ကြောင်း သမိုင်း တွင် အထောက်အထားခိုင်လုံစွာ တွေ့ရှိ ရသည်။
မြန်မာ့ရာဇ၀င် ၊သမိုင်း များတွင် အခြားသော
တိုင်းရင်းသားလူမျိုးများမြန်မာနိုင်ငံ သို့ ၀င်ရောက် နေ ထိုင် ပုံကို
လေ့လာလျှင် မြန်မာမွတ်ဆလင်များသည်လည်း ၎င်းတို့ထက်နောက် မကျသေးကြောင်းကို
သမိုင်း သမိုင်း အထောက်အထားများအရသိရှိနိုင် ပါ သည်။ ထို့ကြောင်း
မြန်မာမွတ်ဆလင်များသည်လည်း ထိုခေတ် ထိုအခါ(နှစ်ပေါင်း ၁၀၀၀)ကျော် ကပင်
ရောက် ရှိနေ ကြောင်း လယ်ပြင် မှာ ဆင်သွားသကဲ့သို့ ရာဇ၀င်၊သမိုင်း တွင်
ထင်ရှားနေ ပါသည်။







