Tuesday, 19 February 2013

AD ( ၁၈၂၃ ) ခုနှစ် မတိုင်မီကမြန်မာနိုင်ငံ၌ ပင်ရင်းနှိုင်ငံအဖြစ် နေထိုင်ကြခဲ့သောမွတ်ဆလင်များ

 အမှာစာ

မြန်မာနိုင်ငံ၏ သမိုင်းရာဇ၀င်များကိုလေ့လာကြည့်လျှင်မြန်မာနိုင်ငံအရပ်ရပ် ၌နေ ထိုင်ကြသော အစ္စ လာမ် ဘာသာဝင် မြန်မာမွတ်ဆလင်များ သည် လွန်ခဲ့သော နှစ်ပေါင်း (၁၀၀၀) ကျော်၊ (၁၂၀၀) ခန့် လောက် ကစ၍  အစု လိုက်သော် လည်းကောင်း၊အနည်း ငယ် သော် လည်းကောင်း လွန်ခဲ့သော နှစ်ပေါင်း (၃၀၀) ခန့်အထိ ၀င်ရောက်နေ ထိုင်ခဲ့ကြောင်း သမိုင်း တွင် အထောက်အထားခိုင်လုံစွာ တွေ့ရှိ ရသည်။
မြန်မာ့ရာဇ၀င် ၊သမိုင်း များတွင် အခြားသော တိုင်းရင်းသားလူမျိုးများမြန်မာနိုင်ငံ သို့ ၀င်ရောက် နေ ထိုင် ပုံကို လေ့လာလျှင် မြန်မာမွတ်ဆလင်များသည်လည်း ၎င်းတို့ထက်နောက် မကျသေးကြောင်းကို သမိုင်း သမိုင်း အထောက်အထားများအရသိရှိနိုင် ပါ သည်။ ထို့ကြောင်း မြန်မာမွတ်ဆလင်များသည်လည်း ထိုခေတ် ထိုအခါ(နှစ်ပေါင်း ၁၀၀၀)ကျော်  ကပင်  ရောက်  ရှိနေ ကြောင်း လယ်ပြင် မှာ ဆင်သွားသကဲ့သို့ ရာဇ၀င်၊သမိုင်း တွင် ထင်ရှားနေ ပါသည်။

တခြမ်းပဲ့ ဗလီ သမိုင်းကပြောသော မြန်မာမွတ်စလင်တို့ ၏ မျိုးချစ်စိတ်ဓါတ်

အေဒီ၁၈၂၆ခု၊ရန္တပိုစာချုပ်ချုပ်ဆိုအပြီးတွင်ဘကြီးတော်မင်းတရားကြီးကမိမိ၏သစ္စာတော်ခံတပ်သားများကို ဆုလဒ်များပေးခဲ့ရာတပ်ဗိုလ်မှူးများ ဖြစ်သောဦးရွှေသိုင်း နှင့် ဦးရွှေမှိုင်း ညီ အစ်ကို နှစ်ဦး က ကျွန်တော်မျိုး တို့သည် အစ္စလာမ်ဘာသာဝင်ရခိုင်လူမျိုးများ ဖြစ်သည့်အလျောက် ခေါင်းချ ရန် (၀ါ) ၀တ်တက်ရန်   နေရာပေးတော်မူပါရန် သံတော်ဦးတင်ခဲ့သဖြင့် ဘကြီးတော် မင်းက လက်ရှိအောင်ဆန်းကွင်း အနီးနေရာ တွင် မြေနေရာလှူဒါန်းခဲ့သည်။           

ငြိမ်းချမ်းစွာအတူရှင်တွဲနေထိုင်စေချင်။

ရခိုင်ပြည်နယ်အတွင်း မတရားအကြမ်းဖက် သတ်ဖြတ်ခဲ့မှုများကို ကြည့်ပြီး ကမ္ဘာ့လူခတ်သိမ်းတို့က အမျိုးမျိုးဝေဖန်ခဲ့ကြ ပါတယ်။မြန်မာသမိုးင်းတွင် တစ်ခါမျှမဖြစ်ခဲ့ဖူးတဲ့အဖြစ်တစ်ခုဆိုတာ အားလုံးက မှတ်ချက်ပေးခဲ့ကြပါတယ်။ ကောင်းပြီ ဒီပြသနာအရပ်ရပ်ကို ဘယ်သူက ဦးဆောင်လုပ်သလဲ ဆိုတာ ကမေးခွန်းတစ်ခုပါ။ ဒါရည်ရွယ်ချက်ရှိရှိလုပ်တယ်ဆိုတာက အခိုင်အမာပြေားရဲးတဲ့ ကိစ္စတစ်ခုဘဲ။ဘယ် သူ့အပေါ်မှာတာဝန်အရှိဆုံးလဲ၊ ဘယ်သူကဒီပြသနာကို ကိုင်တွယ်ဖြေရှင်းရမလဲ၊ ဒီပြသနာအတွက် ဘယ်သူကတာဝန်ခံမှာလဲဆိုတာက ရှိလာပြန်တယ်။အဲတော့ ကျွန်တော်အနေနဲ့ လည်းပြန် စဉ်းစာကြည့် တော့ ဟုတ်ပါတယ် ဒီပြသနာအတွက် မြန်မာနိုင်ငံတွင် ဦးဆောင်ဖြေရှင်းပေး မယ့်သူ တစ်ဦးတစ်ယောက်မျှ မရှိဘူးဆိုတဲ့ကိစ္စ အပေါ်ကျွန်တော်တော်တော် အစာမကြေဖြစ်ခဲ့တယ်။ကောင်းပြီး ဆက်ပြေားပါမယ် ကျွန်တော်တစ်ခုသွားသတိရမိတယ် တစ်ချိန်တုန်းက အမေရိကန်ပြည်ထောင်စုမှာလည်း ဒီလိုအဖြစ်အပျက်လေးတစ်ခုဖြစ်ခဲ့ဘူးတယ်။

စဉ်းစားကြပါအုန်း ကုလားမုန်းတီးရေးက ခင်ဗျားတို့အတွက် အောင်မြင်ခြင်းလား

အားလုံးကိုယ်စိတ်နှစ်ဖြာ ချမ်းသာရွှင်လန်းကြပါစေလို ဆုတောင်း မေတ္တာပို့သအပ်ပါတယ်။ ယနေ့ မျက်မှောက်ခေတ်ကာ လသည် အစ္စလာမ်ဘာသာဝင် ဗမာမွတ်စလင်နှင့် အစ္စလာမ်ဘာသာ ကိုးကွယ်သော တိုင်းရင်းသားများအား မြန်မာနိုင်ငံတွင် အမျိုးမျိုးဖိနှိမ့် ရန်ကြိုးပမ်းဆောင်ရွက်နေသော လူ့အဖွဲ့အစည်း အသီး သီပေါ်ပေါက်လာနေသည်ကို ကျွန်တောာ်တို့မျက်ဝါးထင်ထင်တွေ့မြင် ရမည်ဖြစ်ပါသည်။ ထိုသို့လူ့ အဖွဲ့အစည်းအသီးသီးမှ ယခုလို့ဘာ သာရေးအရလည်းကောင်း၊ စီပွားရေးအရလည်းကောင်း၊ လူမှု့ပတ်ဝန်း ကျင်အရလည်းကောင်း၊
အစ္စလာမ်ဘာသာဝင်များအပေါ်တွင် ဖိနှိမ့်ခံလူတန်းစားတစ်ရပ်အဖြစ်သို့ တွန်းပို့ နေသည်ကို မည်သည့်လူအဖွဲ့အစည်း မည်သည့်အစိုးရ တစ်ဦးတစ်ယောက်ကမှ ပါဝင်ဖြေ ရှင်ပေးနိုင်ခြင်း မရှိခဲ့ပါ။ အီကိစ္စအပေါ်၎င်းတို့သည် မည်သည့်တစ်စုံတစ်ရာကူညီခဲ့သည်ကို မတွေ့ခဲ့ရသည့်အပြင် ထက်လောင်းရ်ျ မြှောက်ပင့် သွေးထိုးလှုံဆော်ပေးနေသည်ကိုပင် တွေ့မြင်ခဲ့ရပါသည်။ မည်သည့်အ တွက်ကြောင့်ဒီလိုဖြစ်ကြပါသနည်း။မြန်မာနိုင်ငံ၏ ဖွံဖြိုးတိုးတက်မှု့သည် ကုလားမုန်းတီရေးလှုပ် ရှားဆောင် ရွက်မှုမှာပင်ရှိနေပါသလေား။နိုင်ငံတစ်နိုင်သည် လူမျိုးတစ်မျိုးကို မလိုလားသည့်အတွက် တစ်မျိုးလုံး ကို မောင်ထုတ်ရ်ျပင်ရပါသလား။မည်သည့်ခေတ်၊ မည်သည့်အချိန်၊ မည်သည့်နေရာတွင် တွေ့ရှိခဲ့ဖူး ပါသလဲ။ နိုင်ငံတစ်နိုင်ငံသည် လူမျိုးတစ်မျိုး ဘာသာတစ်ခုတည်းနေထိုင်ရ်ျရမည်လေား။ မိမိတို့သည် သမိုင်းကြောင့်အရ ကွယ်ပျောက်ခဲ့သေား လူအခွင့်အရေးနဲ့ ကိုယ်ပိုင်ပြထမ်းခွင့်တွေကို ရရှိဖို့ မကြိုးစားဘဲး၊ မိမိနိုင်ငံမိမိလူမျိုးကို တိုးတက်ဖွံဖြိုးအောင်မလုပ်ဘဲ အဘယ်ကြောင့်လူမျိုးရေး၊ ဘာသာရေးအဓိက ရုဏ်းတွေဖြစ်ပွားအောင် ဖန်တီးလုပ်ဆောင်နေကြသနည်း။စဉ်းစားကြပါကုန်။ ကုလားမုန်းတီရေးလှုပ်ရှားမှု့ က မိမိတို့အတွက် အောင်မြင်ခြင်းလား။အဲလိုတာဆိုခဲ့ရင် အသိတရားခေါင်းပါးပြီ လူ့အကျင့်စရိုက်ပျောက် ကွယ်သွားသော လူမျိုးစုတစ်စုအဖြစ် သမိုင်းမော်ကွန်းတင်လောက်တဲ့အထိ ရာဇ၀င်ရိုင်းသွားပါလိမ့် မည်။ဗမာမွတ်စလင်ဆိုသူတွေကကော မိမိတို့အပေါ်ဘာများနစ်နာအောင် လုပ်ဆောင်နေကြပါသ လဲ။   မြန်မာတစ် မျိုးသားလုံး သတိရရင်ပြန်စဉ်းစားကြည့်ပါ၊ ခေတ်အဆက်ဆက်က တိုင်းပြည်ရဲ့အကျိုး စီးပွားကိုဘဲ အလို့ရှိရ်ျ မိမိတို့သည် သမိုင်းကြောင်းအရ သိက္ခာရှိစွာရပ်တည်ခဲ့ကြသည်ကို တစ်ခေါက်လောက်စဉ်းစားဖူးသည်ရှိအောင် ပြန်စဉ်းစားကြ။ ပြီးရင်မိမိတို့မျိုးဆက်တွေကို ပြန်ရှင်းပြခဲ့ပါ ထာဝရလောင်မဲ့မီးကိုမိမိတို့ခေတ်မှာအသေအချာငြှိမ်းခဲ့ပါ။  နောက်ထက်မျိုးဆက်တွေကိုပါ လှောင် ကျွမ်းစေမယ်ဆိုရင်တော့ ဒီနိုင်ငံ၊ ဒီလူမျိုးမှာ ဘယ်တော့မှ တိုးတက်ကြီးပွားချမ်းသာရာလမ်းစ ရှာတွေ့ မယ်လို့ မမျော်လင့်ပါနဲ့တော့ဗျာ။
တိုင်းပြည်တစ်ခုရဲ့ တိုးတက်ကြီးပွားချမ်းသာခြင်းဆိုတာ နိုင်ငံသူ၊နိုင်ငံသားတွေရဲ့ ချစ်ခင်စွာနေထိုင်မှု့၊ စည်းလုံးညီညွတ်ခြင်းရှိမှူ့၊ နိုင်ငံတော်တိုးတက်ရေးကို တည်ဆောက်တဲ့အခါမှာ အားလုံးပါဝင် ဆောင်ရွက်နိုင်မှု့၊ လူမျိုး၊ ဘာသာ၊ မခွဲးခြားဘဲ တစ်ဦးကိုတစ်ဦး အပြန်အလှန်နား လည်မှု့တွေဟာ တိုင်းပြည်တည်ဆောက်တဲ့အခါမှာ ပါဝင်တဲ့အချက်တွေဘဲ။ မိမိဟာဒီအချက်တွေကို လှစ်လျှူရှူ့ထားမယ်ဆိုရင် တိုင်းပြည်ကို ဘယ်တော့မှတိုးတက်ကြီးပွားအောင် တည်ဆောက်နိုင်မှာ မဟုတ်ဘူး၊ ဒါကြောင့် မြန်မာပြည်သူလူထုတစ်ရပ်လုံးကို အဓိအားဖြင့် ပြေားလိုတာက ဘယ်သူပြေားတာကိုမှ နာမယောင်ပါနဲ့ ဘယ်သူလုပ်တာကိုမှ အထင်ကြီးပြီးလိုက်မလုပ်ပါနဲ့ မိမိတို့၏ ဘာသာတရားအသီးသီးက ဆိုဆုံးမမှူ့တွေကိုသာ မှတ်သားပါ၊ ဘာသာတရားရဲ့သွန်သင်မှု့တွေဟာ မိမိတို့ဘ၀အတွက် စံနမူနာဖြစ်တယ်။အဲဒါမှလွဲးပြီး မည်သူကမှ စံပြမဟုတ်ဘူးဆိုတာကို သိစေချင်ပါတယ်။ လူတိုင်းဟာ မိမိစိတ်အတွင်းမှာ ဖြစ်ပေါ်တာတွေကိုရှောက်ပြေားကြတဲ့အခါ အမှားတွေနဲ့ရင်ဆိုင်ကြရပါ တယ်။ မကောင်းတဲ့စိတ်ဟာ အခြားလူတွေကို ကူစက်သွားတဲ့အခါ အဲဒီကူးစက်မှု့ကနေ ရှင်းလို့မရတဲ့ပြသနာတွေဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် မိမိတို့ညီအစ်ကိုမောင်နှမအချင်းချင်း သွေးကွဲးနေ တာတွေကို ပြန်လည်စုစည်းကြပါဆိုလို့ ဆော်သြရင်း တိုင်းပြည်အကျိုး၊နိုင်ငံအကျိုးစီးပွားတွေကို ဒီထက်မက ရှာဖွေစုဆောင်းနိုင်ပါစေလို့ပြေားကြားလိုက်ပါတယ်။ ၀ါဒဖြန့်သမားတွေလည်း အမြန်ဆုံးတရား လမ်းကြောင်းအပေါ်သို့ ရောက်လာနိုင်ပါစေလို့ ဆုတောင်မေတ္တာပို့သအပ်ပါတယ်။

                                                            အောင်ကျော်မိုး
                                                             ဗမာမွတ်စလင်လူငယ်များကွန်ယက်တ
                                                            တ၀န်ခံ(၂)

သမိုင်းစာပေများ

ရမ္မာဝတီမြို့ဝန်၊ ရွှေတောင် သာဂသူ ဘွဲ့ရ ဂန္ထ၀င်မြောက် စာဆိုတော် ဆရာကြီး ဦးနု by Lwin Ko Ko Oo

ဗမာမွတ်စလင်မ်လူငယ်များ၏ဆောင်မှုမှတ်တမ်းများ။